support ring (Men’s lock ring)

15,000 Ks

လိင်တံစွပ်ကွင်းတွေက တကယ်ပဲ စိတ်ချရရဲ့လား
မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးပြုမယ်ဆိုရင် လိင်တံစွပ်ကွင်းတွေဟာ ဘေးကင်းတဲ့ပစ္စည်းတွေလို့ ဆိုနိုင်ပါတယ်။ ဒီစွပ်ကွင်းရဲ့ အားသာချက်ကတော့ လိင်တံမာတောင့်ေစဖို့ စီးဝင်နေတဲ့ သွေးတွေကို အထဲပြန်မဝင်သွားစေဖို့ လိင်တံတွင်း သွေးကြောတွေထဲမှာ ပိတ်လှောင်ဖို့ ကူညီပေးတာပဲဖြစ်ပါတယ်။ ဒီလိုသွေးတွေက အထဲပြန်မဝင်သွားတဲ့အခါ လိင်တံတစ်သျှူးတွေက ပိုမာပြီး ကြီးလာတယ်။ လိင်တံထောင်မတ်ချိန် ကြာမြင့်စေတယ်။ ဒါ့အပြင် သုက်လွှတ်မမြန်ေအာင် ထိန်းပေးနိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။ ဒီနေ့ဆောင်းပါးမှာ အမျိုးသားတွေကြား အသုံးများလာတဲ့ လိင်တံစွပ်ကွင်းအကြောင်းနဲ့ အသုံးပြုပုံတွေ၊ အားသာချက်၊ အားနည်းချက်တွေအကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။
လိင်တံစွပ်ကွင်းက အမျိုးသားတွေအတွက် ဘာကောင်းကျိုးရှိလဲ။
၁။ ပန်းသေပန်းညှိုးြဖစ်နေတဲ့ အမျိုးသားတွေအတွက် လိင်တံကောင်းစွာ ထောင်မတ်နိုင်စေဖို့ ကူညီပေးပါတယ်။
၂။ လိင်တံထောင်မတ်ချိန်ကို ကြာစေပြီး ထိုးသွင်းဆက်ဆံနေစဉ် ပျော့သွားတာမျိုး မဖြစ်စေပါဘူး။
၃။ ထောင်မတ်ေနတဲ့ လိင်တံဟာ ပုံမှန်အချိန်ထက် ပိုကြီးနေတတ်ပါတယ်။
၄။ ဆက်ဆံနေစဉ် ခံစားမှုအားကောင်းစေတယ်။
၅။ သုက်မြန်မြန်မလွှတ်စေဖို့ ထိန်းပေးနိုင်တယ်။
၆။ လိင်စိတ်ဆန္ဒ အထွတ်အထိပ်ရောက်ချိန်မှာ သုက်ထွက်အား ပိုပြင်းစေပါတယ်။
ဘယ်သူတွေအနေနဲ့ လိင်တံစွပ်ကွင်း အသုံးပြုဖို့ မသင့်ဘူးလဲ။
၁။ သွေးကျဲဆေး သောက်နေရသူတွေ
၂။ လိင်တံမှာ ထိခိုက်ဒဏ်ရာ ရထားတဲ့သူတွေ
၃။ ပေါင်ခြံနဲ့ လိင်တံတစ်ဝိုက်မှာ အောင့်ပြီး နာနေသလိုခံစားရတာ
၄။ ဆီးချိုဝေဒနာရှင်တွေ
၅။ သွေးရောဂါ သို့မဟုတ် အာရုံကြောနဲ့ပတ်သက်တဲ့ ရောဂါရှိသူတွေ
၆။ နှလုံးရောဂါရှိတဲ့သူတွေအနေနဲ့ အသုံးမပြုခင်မှာ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို ဆရာဝန်ဆီမှာ အကြံဉာဏ်တောင်းခံနိုင်ပါတယ်။
ကိုယ်နဲ့ကိုက်ညီမယ့် လိင်တံစွပ်ကွင်းကို ဘယ်လိုရွေးဝယ်မလဲ။
အမျိုးသားတွေက များသောအားဖြင့် ရာဘာနဲ့ လုပ်ထားတဲ့ အစွပ်ကို ရွေးဝယ်တတ်ကြပြီး အနည်းငယ်ပိုကျပ်တဲ့ သားရေအမျိုးအစားတွေ ဝယ်တဲ့သူတွေလည်း ရှိကြပါတယ်။ ဒီစွပ်ကွင်းတွေမှာ အနည်းငယ် ချုံ့နိုင်၊ ဆန့်နိုင်ပြီး အရေးပေါ်အခြေအနေပေါ်မှာ ကပ်ကြေးနဲ့ ညှပ်လို့ရအောင် လုပ်ပေးထားပါတယ်။
ကွန်ဒုံးဝယ်သလိုပါပဲ။ လိင်တံစွပ်ကွင်းကို ဝယ်တော့မယ်ဆိုရင် ကိုယ့်ပစ္စည်းနဲ့ ကိုက်ညီမယ့် အရွယ်အစားကို ရွေးဝယ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်အရွယ်အစားကို တိုင်းဖို့အတွက် လိင်တံေပျာ့နေချိန်မှာ အရင်းပတ်ပတ်လည်ကို ကြိုးအမျှင်သေးသေးလေးနဲ့ စွပ်ပြီး အမှတ်မှတ်ထားလို့ ရပါတယ်။ ဒါမှမဟုတ် အလွယ်တကူ ချုံ့၊ ချဲ့လို့ရတဲ့ အပျော့စားကွင်းတွေ ရွေးလို့လည်း အဆင်ပြေပါတယ်။
လိင်တံစွပ်ကွင်းကို ဘယ်လိုအသုံးပြုကြမလဲ။
လိင်တံပျော့နေတဲ့အချိန်မှာ ခေါင်းကနေ တစ်ဆင့် ဖြည်းဖြည်းချင်း အနောက်ကို ဆွဲသွင်းရပါမယ်။ ကိုယ်က လိင်တံကိုပဲ စွပ်မယ်ဆိုရင်တော့ ပြဿနာမဟုတ်ပေမဲ့ ဝှေးစေ့တွေကိုပါ ထည့်စွပ်မယ်ဆိုရင်တော့ အရင်ဆုံး ဝှေးစေ့တစ်လုံးကို ကွင်းထဲထည့်ပြီးမှ နောက်တစ်လုံးကို ထည့်ရမှာပါ။ ပြီးသွားတော့မှ ပျော့နေတဲ့ လိင်တံကို အနည်းငယ်ကွေးညွတ်ပြီးမှ ဖြည်းဖြည်းချင်း ကွင်းထဲကို ထည့်ပါ။ အကုန်လုံး ကွင်းထဲဝင်သွားပြီဆိုရင် ကပ္ပယ်အိတ်အနောက်နဲ့ လိင်တံအရင်းထိပ်မှာ ကွင်းကို သေချာစွာ တပ်ဆင်ရပါမယ်။
ချောင်ချောင်ချိချိနဲ့ စွပ်လို့လွယ်ကူအောင် ချောဆီနည်းနည်းစွတ်ပြီးမှ ကွင်းထဲသွင်းတာ ပိုကောင်းပါတယ်။ စွပ်လိုက်တဲ့အခါ ကိုယ့်ရဲ့ ပစ္စည်းနဲ့ အံဝင်ခွင်ကျဖြစ်နေဖို့ ကွင်းရဲ့ အရွယ်အစားက တော်တော်လေး အရေးပါပါတယ်။ အကယ်လို့ ကိုယ်က ကွန်ဒုံးစွပ်ပြီး လိင်ဆက်ဆံမယ်ဆိုရင် ကွင်းမစွပ်ခင် အရင်ဆုံး ကွန်ဒုံးကို စွပ်ထားဖို့တော့ လိုပါတယ်။ ကွန်ဒုံးနဲ့ လိင်တံစွပ်ကွင်း ငြိမနေစေဖို့ သတိထားပေးပါ။ အရေးကြီးတာက လိင်တံစွပ်ကွင်းကို တစ်ခါအသုံးပြုရင် နာရီဝက်ထက် ပိုမကြာဖို့ပါပဲ။ အစပိုင်း ကိုယ်က သုံးကျင့်မရှိသေးရင် နှိုးစက်နဲ့ အချိန်လုပ်ပေးထားတာ ပိုကောင်းပါတယ်။ လိင်တံစွပ်ကွင်း စွပ်လျက်နဲ့ အိပ်ပျော်မသွားစေဖို့လည်း ကူညီပေးရာရောက်ပါတယ်။
ဘာတွေကို သတိထားဖို့လိုမလဲ။
လိင်တံစွပ်ကွင်း စွပ်ပြီး မိနစ်အနည်းငယ်အတွင်း
• ထုံကျဉ်နေတာ
• အေးစက်စက်ဖြစ်နေတာ
• နေလို့ ထိုင်လို့ မကောင်းတာ
• လိင်တံရဲ့ အရောင်က ဖြူဖျော့ဖျော့ ဒါမှမဟုတ် အပြာရောင်ဘက်ကို ပြောင်းသွားတာ
• နာကျင်မှုဝေဒနာ
• ရောင်ကိုင်းလာတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင်တော့ စွပ်ကွင်းကို အသုံးပြုထားတဲ့ ရာဘာ သို့မဟုတ် သံပစ္စည်းနဲ့ အရေပြားဓါတ်မတည့်တာ ဖြစ်နိုင်ပါတယ်။
လိင်တံစွပ်ကွင်းကို အချိန်ကြာကြာ စွပ်ထားလိုက်တဲ့အခါ သွေးစီးဆင်းမှုနှုန်းကို အဟန့်အတားဖြစ်စေလို့ နာကျင်မှုဝေဒနာအပြင် သွေးကြောကိုပါ ရာသက်ပန်ထိခိုက်သွားစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်က အသုံးမပြုခင်မှာ သူ့ရဲ့ အသုံးပြုတဲ့နည်းလမ်းတွေ၊ ဆောင်ရန်၊ ရှောင်ရန်နဲ့ သတိထားသင့်တဲ့ အရာတွေကို ကြိုတင်လေ့လာထားတာ အကောင်းဆုံးပါပဲ။

credit to hellosayarwon
ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Compare
Category:

Reviews

There are no reviews yet.

Be the first to review “support ring (Men’s lock ring)”

X